Latest topics
» ပျော်ပါစေချစ်သူ...by ခင်ဂျူး Sun Jul 15, 2012 5:55 am
» ကွန်ပျူတာပစ္စည်းများလေ့လာနိုင်သောWebsite ပါ
by zerone(ခေါ်)သန်းတိုးအောင် Sat Feb 18, 2012 11:20 am
» Babylon Pro 9.0.1.5 and Patch ( English - Myanmar )
by zerone(ခေါ်)သန်းတိုးအောင် Fri Dec 16, 2011 1:53 pm
» key လိုချင်တယ်
by zerone(ခေါ်)သန်းတိုးအောင် Tue Dec 06, 2011 5:38 am
» ADOBE CREATIVE SUITE 5.5 MASTER COLLECTION ESD MACOSX-ISO
by zerone(ခေါ်)သန်းတိုးအောင် Tue Nov 29, 2011 7:37 pm
» Thunderbird 8.0 Mozilla Organization - 15.23MB (Open Source)
by zerone(ခေါ်)သန်းတိုးအောင် Wed Nov 16, 2011 9:17 am
» နောက်ဆုံးပေါ်သီချင်းများ(မြန်မာ)
by zerone(ခေါ်)သန်းတိုးအောင် Wed Nov 16, 2011 9:10 am
» သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်
by zawnaing Sat Oct 22, 2011 8:50 am
» ကူညီပေးကြပါဦးခင်ဗျာ..
by Zeronight Fri Oct 21, 2011 7:40 pm
ရိုးရိုးလေးသာ
Page 1 of 1
ရိုးရိုးလေးသာ
ရိုးရိုးလေးသာ ၀တ်ခဲ့ပါ။ ရိုးရိုးလေး သနပ်ခါးနဲ့ လှပါတယ်၊ ရိုးရိုးလေးသာ နေထိုင်ပါ။
ဒါတွေက တို့တတွေကြားဖူးပြီးသား သီချင်းစာသားတစ်ချို့ပါ။
တကယ်တော့ ရိုးရိုးလေးသာ နေထိုင်ခြင်းဟာ Simple life တစ်မျိုးပါပဲ။
လွယ်လွယ်ကူကူ ပြောရမယ်ဆိုရင် ရိုးစင်းခြင်းနဲ့ လောကကို ရင်ဆိုင်ပါလို့ တိုက်တွန်းခြင်းပါ။
ငါ ဘယ်လိုနေရပါ့။ ငါ့ ဘ၀ရှေ့ရေးဘယ်လိုပြင်ရင်ကောင်းပါ့မလဲ။ ငွေကြေးအမြဲရနေဖို့ ဘယ်လိုလုပ်ရမလဲ။ အာမခံချက်ရှိတဲ့ အလုပ်ဆိုတာရော ဘယ်မှာလဲ။
တွေးလိုက်ရင်ပူစရာတွေပဲ။
သူများသုံးသလို ကိုယ်မသုံးရမှာ။ သူများနေသလို ကိုယ်မနေရမှာ။ သူများစားသလို ကိုယ်မစားရမှာ လူအတော်များများ ပူပန်တတ်ကြတယ်။
တကယ်တော့ အဲ့ဒါတွေက ပူစရာမှ မဟုတ်တာ။
ကိုယ်နေတဲ့ ဘ၀ကို ကိုယ်တစ်ယောက်တည်းကပဲ အာမခံနိုင်တာပါ။
တကယ်ပျော်သလား။ စားရတာမြိန်သလား။ ၀တ်ရတာသက်သောင့်သက်သာ ရှိသလား။ ၀ါသနာပါတာလုပ်နေရတာကို
ရွှင်လန်းအားရပါရဲ့လား။
ဒါတွေခံစားနိုင်ဖို့က ကိုယ့်ဆီမှာ ရိုးရိုးလေးသာ နေတတ် တွေးတတ်တဲ့ နေမှု ထိုင်မှု စတိုင် ရှိဖို့ လိုပါတယ်။
ကိုယ့်ကိုယ်ကို မရောင့်ရဲ တတ်ရင် ရိုးရိုးလေးနေဖို့ မဖြစ်နိုင်ဘူး။
ကိုယ်က ဘယ်လောက်ဆို ကျေနပ်ပြီ သူများလုပ်တိုင်းလိုက်လုပ်စရာမလိုဘူး။ ကိုယ့်အနေအထားကိုယ်သိတယ် ဆိုတာတွေ လိုအပ်တယ်လေ
ဂလိုဘယ်လိုက်ဇေးရှင်းကို တန်ပြန်အာခံဖို့က မိမိကိုယ်ကို ကျေနပ်ရောင့်ရဲတတ်ဖို့ အဓိကဖြစ်လာပြီ။
ငွေကို အမှီသဟဲပြုရတဲ့ ဘ၀ကနေ လွတ်မြောက်ဖို့လည်းလိုတယ်။
ရိုးရှင်းစွာနေထိုင်ဖို့ ကြိုးစားလိုက်ပြီဆိုတာနဲ့ စားတာ၊ ၀တ်တာ၊ နေတာ၊ သုံးစွဲတာ၊ အလုပ်ရွေးချယ် တာတွေမှာ သူများနဲ့ မတူတော့ပါဘူး။
ရိုးရိုးလေးစားမယ် ကျန်းမာရေးအတွက်လည်းကောင်းတယ်
ရိုးရိုးလေး ၀တ်မယ် ဘာဖက်ရှင်ကိုမှ အမီလိုက်စရာမလိုဘူး။ ကိုယ့်အတွက် သင့်တင့်နေဖို့ပဲလိုတယ်
ရိုးရိုးလေး နေမယ် ဘယ်လိုအိမ်ဖြစ်မှ ဘာတွေရှိနေမှ မဟုတ်တော့ဘူး။ ပျော်ရွှင်စွာ နေထိုင်ရတာက မင်္ဂလာရှိနေပြီ
ရိုးရိုးလေး သုံးမယ် ဘယ်နိုင်ငံ ထုတ်မှသုံးမယ် ဘယ်တံဆိပ်မှသုံးမယ် ဆိုတာထက် ပြည်တွင်းဖြစ် ဖြစ်ခြင်ဖြစ်မယ်၊ ကိုယ့်ရပ်ကွက်ထဲက လုပ်တာဖြစ်မယ် အဓိက က ကိုယ်သုံးတဲ့အခါ အဆင်ပြေဖို့ပဲ
ရိုးရိုးလေး ပဲလုပ်မယ် လစာများမှ နာမည်ကြီးကြော်ကြားတဲ့ နေရာမျိုးမှ နိုင်ငံခြားမှာမှ ဆိုတာမရှိတော့ဘူး။ ကိုယ်ပျော်တယ် ၀ါသနာပါတယ် လုံခြုံတယ် ဆိုရင် ok
ကဲ ရိုးရိုးလေးသာ တွေးပါ နေကြည့်ပါလို့ အားပေးခြင်တယ်။
ဘ၀ဆိုတာ ရိုးရှင်းတယ် မဟုတ်လား။
မင်း ရဲ့ အမြင်ကို ပြောခြင်တယ်ဆိုရင်လည်း ကြိုဆိုပါတယ် သူငယ်ချင်း။
ပျော်ရွှင်တဲ့ လူသားတစ်ယောက်ဖြစ်ပါစေကွာ။
နောက်တစ်ခေါက်မှာ ဘယ်လို ရိုးရိုးလေးနေကြမလဲဆိုတာ တွေးရအောင်နော်။ ကိုယ်လဲ တွေးပြီးရေးမယ်။
.
itcrazy- mmt technician
- ရေးသားချက်များ : 86
မှတ်ပုံတင်သောနေ့  : 2011-02-08
နေထိုင်သောနိုင်ငံ : ထိုင်း
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|