နည်းပညာတို့ ရဲ့ဆုံမှတ်များဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.
May 2024
MonTueWedThuFriSatSun
  12345
6789101112
13141516171819
20212223242526
2728293031  

Calendar Calendar

Latest topics
» ပျော်ပါစေချစ်သူ...
by ခင်ဂျူး Sun Jul 15, 2012 5:55 am

» ကွန်ပျူတာပစ္စည်းများလေ့လာနိုင်သောWebsite ပါ
by zerone(ခေါ်)သန်းတိုးအောင် Sat Feb 18, 2012 11:20 am

» Babylon Pro 9.0.1.5 and Patch ( English - Myanmar )
by zerone(ခေါ်)သန်းတိုးအောင် Fri Dec 16, 2011 1:53 pm

» key လိုချင်တယ်
by zerone(ခေါ်)သန်းတိုးအောင် Tue Dec 06, 2011 5:38 am

» ADOBE CREATIVE SUITE 5.5 MASTER COLLECTION ESD MACOSX-ISO
by zerone(ခေါ်)သန်းတိုးအောင် Tue Nov 29, 2011 7:37 pm

» Thunderbird 8.0 Mozilla Organization - 15.23MB (Open Source)
by zerone(ခေါ်)သန်းတိုးအောင် Wed Nov 16, 2011 9:17 am

» နောက်ဆုံးပေါ်သီချင်းများ(မြန်မာ)
by zerone(ခေါ်)သန်းတိုးအောင် Wed Nov 16, 2011 9:10 am

» သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်
by zawnaing Sat Oct 22, 2011 8:50 am

» ကူညီပေးကြပါဦးခင်ဗျာ..
by Zeronight Fri Oct 21, 2011 7:40 pm


အချစ်ဆိုတာ 2

Go down

အချစ်ဆိုတာ  2 Empty အချစ်ဆိုတာ 2

Post  itcrazy Mon Apr 18, 2011 4:53 am

အချစ်ဆိုတာ ဖြေရှာညှိမရတဲ့ ဝေဒနာအသိတစ်ခုကို ဖွေရှာမိနေတဲ့ ခံစားမှုတစ်ခု ..


* အချစ်ဆိုတာ ရှုံးနိမ့်ခြင်း အောင်နိုင်ခြင်းတွေနဲ့ ကြုံတွေ့ရသလို တစ်ခါတစ်ရံ မျိုသိပ်ထားရာမှ ပုန်းလျှက်ထွက်လာတဲ့ စိတ်စေညွှန်တဲ့အရာ ..


* အချစ်ဆိုတာ မေတ္တာစစ်ရင် ရှုံးလျှက်နေရင်တောင် အမုန်းမဖက်တဲ့ သစ္စာတရား ..


* အချစ်ဆိုတာ ရှိုက်ထိလွယ်လို့ လှိုက်ဖိုမိစေတဲ့ စိုးရိမ်ကြောင့်ကြမှု ..


* အချစ်ဆိုတာ လေယူရာတိမ်း ယိမ်းနွဲ့တတ်ပေမယ့် ယှက်ဖြာနေရင် ရုန်းမထွက်လို့ ယိမ်းမသွားစေတဲ့ စစ်မှန်ခြင်းသဘော ..


* အချစ်ဆိုတာ ရုပ်ဆင်းသဏ္ဍာန်နှင့် ထိတွေ့ပြောဆိုမှုအပေါ် သာယာစေတတ်တဲ့ တဏှာပေမ ..


* အချစ်ဆိုတာ ကြောက်စိတ်ကို ပယ်ပျက်စေသလို ရဲရင့်မှုကို ဂုဏ်ဆောင်စေတဲ့ သတ္တိ ..


* အချစ်ဆိုတာ သတိရတက်မက်မှုကြောင့် ရယူလိုစိတ် ဖြစ်ပေါ်ခြင်းနှင့် မဖြစ်နိုင်မှန်း သိခြင်းစလို့ စွန့်လွှတ်ရခြင်းအဖြစ်ကို ပေးဆပ်ရတဲ့ ထွေပြားစေတဲ့အရာ ..


* အချစ်ဆိုတာ ပြောရခက်ပေမယ့် ခံစားသိတဲ့ အာရုံတစ်ပါး ..


* အချစ်ဆိုတာ တစ်ယောက်ထဲအတွက် ပိုင်ဆိုင်မှုများစွာကို လိုလားမိတဲ့ လောဘ ..


* အချစ်ဆိုတာ ရေပျော်ငါးလို လူးလွန့်စေတဲ့ စိတ်ကြွမှု ..


* အချစ်ဆိုတာ အတောင်အလက်နဲ့ ပျံသန်းနေရင်း အချိန်တန်ရင် ပျောက်ရှသွားမယ့် မမြဲခြင်းတရား (ခန္ဓာငြိမ်းသည့်အခါ) ..


* အချစ်ဆိုတာ ကြင်နာယုယ အစဉ်သာနုပြစေသလို တစ်ခါတစ်ရံ အခန့်မသင့်လို့ လမ်းပျောက်ရင် ဆောင့်တတ်စေတတ်တဲ့ ဒေါသ ..


* အချစ်ဆိုတာ ကိုယ့်ချစ်သူက ကိုယ့်တစ်ယောက်ထဲကို လူပုံအလယ် နှစ်ယောက်ကမ္ဘာငယ်မှာ အရမ်းချစ်ပြတာကို လိုလားမိတဲ့ ဆန္ဒ ..


* အချစ်ဆိုတာ ငြီးငွေ့လွယ်ပြီး ထိတွေ့ကြွယ်သလို တိုးပွားချစ်စေတဲ့ ပြောင်းလဲမှုတစ်ခု ..


* အချစ်ဆိုတာ လူ့ဘ၀ဖြစ်စဉ်မှာ ထူးကဲစွာ တွေ့ဆုံကြုံကွဲရတဲ့ ဖြစ်ရပ် ..


* အချစ်ဆိုတာ တစ်ခါတစ်ရံ နှလုံးခုန်နှုန်းကို ပိုမြန်စေတဲ့ သွေးလည်ပတ်မှု ..


* အချစ်ဆိုတာ နီးခြင်း ဝေးခြင်းထက် တန်ဘိုးထား မြတ်နိုးမှုအပေါ် မူတည်၍ ခိုင်မြဲစေတတ်တဲ့ ဆုံဆည်းခြင်း ..


* အချစ်ဆိုတာ လူတွေ သတ်မှတ်ထားတဲ့ ပညတ်ချက်တစ်ခု ..


* အချစ်ဆိုတာ ယုံကြည်မှုရှိရင် ပုံအပ်နှင်းတတ်တဲ့ မိုက်မဲမှု ..


* အချစ်ဆိုတာ မချစ်တတ်သူ ၊ တန်ဘိုးမထားသူတွေအတွက် ဖယောင်းမီးလို ထွန်းညှိလင်းနေပေမယ့် အကာအကွယ်ပေးမထားမိရင် လေအတိုက်မှာ ဟုတ်ခနဲနဲ့ ဖျတ်ခနဲ ပျောက်ပျက်သွားတတ်တဲ့ အလင်းရောင် ..


* အချစ်ဆိုတာ အချစ်ငတ်သူတွေအဖို့ ဟိုယောင်ဒီယောင်နဲ့ အချစ်လိုချင်ပြီး မရရှိတဲ့ အထီးကျန်ခြင်းတစ်မျိုး ..


* အချစ်ဆိုတာ ချစ်နေတုန်းမှာ ကြည်နူးသလို အသည်းကွဲတဲ့အခါ ၀မ်းနည်းခြင်းစိတ်ကို အစပြုလို့ နာကြဉ်စေတတ်သလို ရှောင်ဖယ်လို့ မျိုသိပ်ကြိတ်မှိတ်တတ်ပြီး ပွင့်အန်ထွက်စေတဲ့ အပြုအမူနှင့်အတူ ရင်ဖွင့်ဖေါ် တိုင်ပင်ဖေါ် ရှိစေတတ်တဲ့ ဒွိဟများစေတဲ့ စိတ် ..


* အချစ်ဆိုတာ မုန်းတီးခြင်းနှင့် နောင်တရစေမှုကို ဖြစ်ပေါ်စေတတ်တဲ့ မာန် ..


* အချစ်ဆိုတာ အညှိုးအတေးတွေနဲ့ လုပ်ကြံတတ်သလို တစ်ကယ်မချစ် အစစ်မပါတဲ့ ဟန်ဆောင်မှုတစ်မျိုး ..(အချစ်စစ်မဟုတ်ရင်)


* အချစ်ဆိုတာ မမေးပဲ မပြောပဲသိတဲ့ စကားဝှက်ရဲ့အဖြေ ..


* အချစ်ဆိုတာ ကိုင်တွယ်မြင်တွေ့ ထိလျှင်မရပေမယ့် အိမ်ထောင်မှု တည်ဆောက်ချင်အောင် တွန်းအားပေးစေတဲ့ အာသီသ ..


* အချစ်ဆိုတာ စိတ်အသိမှ ရင်ဘတ်အထိ မိပြီးတော့ ပါးစပ်ခံတွင်းမှ ပွင့်အန်ထွက်လာတဲ့ လေအသုံးတော်ခံစကား ..


* အချစ်ဆိုတာ နောက်ဆုံးမှာ သဘာဝလောကကြီးနှင့်ယှဉ်ရင် မဖြစ်စလောက်ပေမယ့် လှုပ်ရှားရှင်သန်နေသူတွေအဖို့တော့ အချစ်ကြောင့် အရာရာကိုဖြစ်ပေါ်စေသလို ပြောင်းလဲစေတတ်တဲ့ သီအိုရီမရှိတဲ့ နိယာမတစ်ခု ..


* အချစ်ဆိုတာ သေချာတစ်ခုကတော့ အချစ်ရှုံးလို့ လူဖြစ်ရှုံးရတဲ့ လူတွေရှိသလို အချစ်ခံလို့ အပြန်အလှန် အစစ်အမှန်တွေနဲ့အတူ ထာဝရမှာ ပျော်လျှက်သာ ဖြတ်သန်းကုန်လွန်စေတဲ့ လူဖြစ်ခြင်းနှင့် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေလို့ ဆုတောင်းရင်း ..
itcrazy
itcrazy
mmt technician
mmt technician

ရေးသားချက်များ : 86
မှတ်ပုံတင်သောနေ့  : 2011-02-08
နေထိုင်သောနိုင်ငံ : ထိုင်း

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum