နည်းပညာတို့ ရဲ့ဆုံမှတ်များဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.
April 2024
MonTueWedThuFriSatSun
1234567
891011121314
15161718192021
22232425262728
2930     

Calendar Calendar

Latest topics
» ပျော်ပါစေချစ်သူ...
by ခင်ဂျူး Sun Jul 15, 2012 5:55 am

» ကွန်ပျူတာပစ္စည်းများလေ့လာနိုင်သောWebsite ပါ
by zerone(ခေါ်)သန်းတိုးအောင် Sat Feb 18, 2012 11:20 am

» Babylon Pro 9.0.1.5 and Patch ( English - Myanmar )
by zerone(ခေါ်)သန်းတိုးအောင် Fri Dec 16, 2011 1:53 pm

» key လိုချင်တယ်
by zerone(ခေါ်)သန်းတိုးအောင် Tue Dec 06, 2011 5:38 am

» ADOBE CREATIVE SUITE 5.5 MASTER COLLECTION ESD MACOSX-ISO
by zerone(ခေါ်)သန်းတိုးအောင် Tue Nov 29, 2011 7:37 pm

» Thunderbird 8.0 Mozilla Organization - 15.23MB (Open Source)
by zerone(ခေါ်)သန်းတိုးအောင် Wed Nov 16, 2011 9:17 am

» နောက်ဆုံးပေါ်သီချင်းများ(မြန်မာ)
by zerone(ခေါ်)သန်းတိုးအောင် Wed Nov 16, 2011 9:10 am

» သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်
by zawnaing Sat Oct 22, 2011 8:50 am

» ကူညီပေးကြပါဦးခင်ဗျာ..
by Zeronight Fri Oct 21, 2011 7:40 pm


အင်တာနက်မှရှာဖွေနည်းများ

Go down

အင်တာနက်မှရှာဖွေနည်းများ Empty အင်တာနက်မှရှာဖွေနည်းများ

Post  itcrazy Sun Apr 17, 2011 5:01 am

အင်တာနက်မှရှာဖွေနည်းများ Funny_comp4

ip-1) "+" ကို ကိုယ်အဓိကလိုချင်တဲ့ အရေးကြီးဆုံးဖြစ်တဲ့ keyword ရဲ့ရှေ့မှာ ထည့်ပေးရပါတယ် ဒါမှသာ မလိုအပ်ပဲ Related index များကို ရှာဖွေခြင်းမှ ရှောင်ရှားနိုင်ပြီး page index အားလုံးမှာ မိမိသတ်မှတ်ပေးထားတဲ့ Keyword ပါကို ပါရမည်ဟု စေခိုင်းလိုက်ခြင်းဖြစ်ပါတယ်

(သတိထားရမှာကတော့ + နှင့် keyword ကြားတွင် space bar မခြားရပါ)


Tip-2)"-" အင်တာနက်မှ ရှာဖွေရာတွင် တစ်ခါတစ်ရံမှာ မိမိ ရှာဖွေသော အကြောင်းအရာနှင့် တိုက်ဆိုင် ဆီလျှော်ခြင်းမရှိသော အကြောင်းအရာများ ကန့်လန့် ကန့်လန့် ပါဝင်နေလေ့ရှိပါတယ် မြန်မာဘာသာ စကားနှင့် ရှာဖွေရာတွင် ပိုမိုသိသာစွာ ကြုံတွေ့ရတာကို တွေ့ရပါတယ် "-"ကိုတော့ ကိုယ်မလိုချင်တဲ့ keyword ပါတဲ့ webpage များကို ချန်လှပ်ခဲ့ဖို့ ခိုင်းလိုက်တာပဲ ဖြစ်ပါတယ်


Tip-3) keyword တစ်ခုတည်းသာ မဟုတ်ပဲ phrase စကားစု၊အသုံးအနှုန်းများကို ရှာဖွေလိုတဲ့အခါမှာ double quotation " " ကိုအသုံးပြုရပါတယ် ဒါမှသာ SEO မှာ သတ်မှတ်ထားတဲ့ စကားစု ပါဝင်တဲ့ web page များကိုသာလျှင် ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်

ဥပမာ- " somebody dream about you every single night"

result အနေနဲ့ ကတော့ " somebody dream's about you every single night" ပါရှိတဲ့ webpage များကိုသာ ဖော်ပြပေးပါလိမ့်မယ်


Tip4) Tilde(~) ဆိုတဲ့ သင်္ကေတ ဟာ သင်္ချာဘာသာရပ်မှာ အနီးစပ်ဆုံး approximately ဆိုတဲ့ သဘောဆောင်တယ်ဆိုတာ အများသိပြီးဖြစ်ပါတယ် ဒီ operator ကိုအသုံးပြုပြီးတော့ ကျွန်တော်တို့ အကြောင်းအရာတစ်ခုနှင့် ဆက်နွယ်သော web page မှန်သမျှကို ရှာဖွေချင်တဲ့အခါတွင် အသုံးပြုနိုင် ပါသည်

ဥပမာ computer~hacks

ဟုရှာဖွေလျှင် hack နှင့်ဆင်တူ ဆက်နွယ်သော web page စာမျက်နှာများကို ဖော်ပြပေးပါလိမ့်မယ်


Tip-5) စကားစု(phrase) များနှင့် စကားလုံးများကို တွဲဖက်အသုံးပြုလိုတဲ့ အခါမှာတော့ +,-" " သင်္ကေတ ပုံစံဖြင့် ရှာဖွေနိုင်ပါတယ်

ဥပမာ- +"The others"+ house-ghost

ဒါဆိုရင်တော့ Search Engine ကို The others ဆိုတဲ့ စကားစုပါရမယ် house ဆိုတဲ့ စကားလုံးလဲ ပါရမယ် ghost ဆိုတဲ့ စကားလုံးမပါဝင်တဲ့ webpage များကို ရွေးချယ်ရှာဖွေ ခိုင်းလိုက်တာပဲ ဖြစ်ပါ တယ်


Tip-6)အင်တာနက်တွင် ရှာဖွေရာတွင် stop words လို့ခေါ်တဲ့ a,an,by,the,be အစရှိသော စကားလုံးများ ဟာ အင်္ဂလိပ်စာတွင် မကြာခဏအသုံးပြုလေ့ ရှိတဲ့အတွက် ဒီစကားလုံးများကို ထည့်သွင်းရှာဖွေခြင်းဖြင့် ထိ ရောက် မှု့ မရှိတဲ့အပြင် ရှာဖွေမှု့ အချိန်ကို ပိုမိုကြန့်ကြာစေပါတယ် ဥပမာ အားဖြင့် the personal firewall ဟုထည့်သွင်းရှာဖွေလိုက်တဲ့ အခါမှာ "the" ဟာ web page တိုင်းတွင်ပါဝင် နိုင်သော စကားလုံးဖြစ်တဲ့ အတွက် ရှာဖွေချိန်ကို မလိုအပ်ပဲ ကြာမြင့်စေပါတယ် ဒီတော့ stop words ကို ရှာဖွေရာတွင် အသုံးမပြုပဲ ဖယ်ထားသင့်ပါတယ်

Tip-7)လိုအပ်တဲ့ အကြောင်းအရာများကို အင်တာနက်ပေါ်တွင် ရှာဖွေတဲ့ အခါမှာ မိမိလိုချင်တဲ့ file type အမျိုးအစားကို "filetype:" ဆိုတဲ့ syntax အသုံးပြုပြီး တစ်ခါတည်း သတ်မှတ်ရှာဖွေ ခိုင်းနိုင်ပါတယ်

ဥပမာ - "Search Engine"filetype:pdf


Tip-8)ကိုင်ပိုင် ၀က်ဆိုဒ်၊ဘလော့ ရှိသူများအနေဖြင့် မိမိ ဆိုဒ်အား မည်သည့် ဆိုဒ် ဘလော့မှ လင့် ထားသလဲ သိလိုလျှင် link: ဆိုတဲ့ syntax ကိုအသုံးပြုနိင်ပါတယ်


Tip-9) word,term or phrase တစ်ခုခုရဲ့ means ကိုသိလိုတဲ့ အခါမှာ "define:" ဆိုတဲ့ syntax ကိုအသုံးပြုပြီး ရှာဖွေနိင်ပါတယ်

ဥပမာ- define:NASA

result အနေနဲ့ကတော့ NASA ရဲ့ means "National Aeronautics and Space Administration" အပြင် NASA ဆိုတဲ့ စကားလုံးနှင့် ပက်သက်ဆက်နွယ်သော အကြောင်းအရာများ သမိုင်းကြောင်းများ ကိုပါ ရှာဖွေပေးပါလိမ့်မယ်

Tip-10)ebook များ၊software များ ၊mp3 သီချင်းများ ကို ဒေါင်းလုပ်ချရန် ရှာဖွေရာတွင် Index of/SEO/books ဆိုတဲ့ syntax ပုံစံအတိုင်းရှာဖွေနိုင်ပါတယ်


Tip-11) အင်တာနက်မှ မိမိ နှစ်သက်သဘောကျတဲ့ song lyric များကို အောက်ပါ operator ကို အသုံးပြုပြီး ရှာဖွေနိုင်ပါတယ်

ဥပမာ - “Friday I am in love” lyrics

အခြား အသုံးပြုနိုင်တဲ့ Advanced Operators များကတော့...
" cache:",
" related:" ,
" info:" ,
" stocks:" ,
" site:" ,
" allintitle: " ,
" intitle:" ,
" allinurl:" ,
" inurl:" ,
" safesearch:" စသည်တို့ ဖြစ်ကြပါတယ်..။

itcrazy
itcrazy
mmt technician
mmt technician

ရေးသားချက်များ : 86
မှတ်ပုံတင်သောနေ့  : 2011-02-08
နေထိုင်သောနိုင်ငံ : ထိုင်း

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum