နည်းပညာတို့ ရဲ့ဆုံမှတ်များဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.
May 2024
MonTueWedThuFriSatSun
  12345
6789101112
13141516171819
20212223242526
2728293031  

Calendar Calendar

Latest topics
» ပျော်ပါစေချစ်သူ...
by ခင်ဂျူး Sun Jul 15, 2012 5:55 am

» ကွန်ပျူတာပစ္စည်းများလေ့လာနိုင်သောWebsite ပါ
by zerone(ခေါ်)သန်းတိုးအောင် Sat Feb 18, 2012 11:20 am

» Babylon Pro 9.0.1.5 and Patch ( English - Myanmar )
by zerone(ခေါ်)သန်းတိုးအောင် Fri Dec 16, 2011 1:53 pm

» key လိုချင်တယ်
by zerone(ခေါ်)သန်းတိုးအောင် Tue Dec 06, 2011 5:38 am

» ADOBE CREATIVE SUITE 5.5 MASTER COLLECTION ESD MACOSX-ISO
by zerone(ခေါ်)သန်းတိုးအောင် Tue Nov 29, 2011 7:37 pm

» Thunderbird 8.0 Mozilla Organization - 15.23MB (Open Source)
by zerone(ခေါ်)သန်းတိုးအောင် Wed Nov 16, 2011 9:17 am

» နောက်ဆုံးပေါ်သီချင်းများ(မြန်မာ)
by zerone(ခေါ်)သန်းတိုးအောင် Wed Nov 16, 2011 9:10 am

» သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်
by zawnaing Sat Oct 22, 2011 8:50 am

» ကူညီပေးကြပါဦးခင်ဗျာ..
by Zeronight Fri Oct 21, 2011 7:40 pm


SSD (solid State Drive) အကြောင်း

Go down

SSD (solid State Drive) အကြောင်း Empty SSD (solid State Drive) အကြောင်း

Post  Delete Tue May 10, 2011 4:44 pm

Electronics Device တွေအားလုံးကို Semiconductor တွေ၊ Chips တွေနဲ့ ပြုလုပ်ထားတာပါ။ Solid State

လို့ ဆိုလိုက်တာနဲ့ Semiconductor တွေနဲ့ ပြုလုပ်ထားတဲ့ Electronics Circuit ဆိုတာ သိရပါမယ်။ SSD လို့

ဆိုလိုက်တာနဲ့ Semiconductor နဲ့ ပြုလုပ်ထားတဲ့ IC လေး ဒါမှမဟုတ် Data သိမ်းတဲ့ ပစ္စည်းလေးဆိုတာ

သိနေရပါမယ်။

အခုလက်ရှိ အနီးစပ်ဆုံး ဥပမာ ပြရရင်တော့ USB Ports မှာထိုးပြီးသုံးရတဲ့ Flash Memory Stick

လေးတွေကို ပြရမှာပါ။ Solid State Drive နဲ့ USB Flash Drive ဆိုပြီး နာမည်သာ ကွဲသွားတာပါ။

Non-volitile Memory Chips ဖြစ်တာကတော့ အတူတူပါပဲ။

Non-volatile Memory ဆိုတာက သူ့ထဲမှာ Data တွေ သိမ်းမယ်။ ကိုယ်က မဖျက်သရွေ့ ပျောက်မသွားဘူး။

Power မရှိတော့တဲ့ အချိန်မှာလည်း Data တွေရှိနေအောင် သိမ်းထားနိုင်တယ်။ တစ်ခုပဲကွာတာပါ။

Flash Drive က PC ရဲ့ အပြင်ဘက်မှာ သုံးဖို့ အဓိက Design ထုတ်ထားတာပါ။ SSD ကတော့ System

အတွင်းဘက်၊ အတိအကျပြောရမယ်ဆိုရင်တော့ Hard Disk နေရာ မှာ အစားထိုးပြီးသုံးနိုင်ဖို့ အဓိက

ရည်ရွယ်ပြီး Design ထုတ်ထားတာပါ။

ဒါကြောင့်မို့ SSD ကို အပြင်ကကြည့်ရင် Hard Disk နဲ့ အတော်တူပါတယ်။ အဓိက ရည်ရွယ်တာကတော့

Notebook နဲ့ PC တွေမှာ သုံးဖို့ပါ။ ဒီလိုသုံးနိုင်ဖို့အတွက်တော့ Hard Disk အရွယ်အစားလောက်ရှိမှ

ဖြစ်မှာပေါ့။ ပြီးတော့ IDE Connector တွေ SATA Connector တွေကလည်းပါရဦးမယ်လေ။

SSD ကို ဘာကြောင့်သုံးသင့်သလဲ

SSD က Hard Disk အပေါ်မှာ သာသွားတဲ့အချက် သုံးချက်ရှိပါတယ်။

နံပါတ် ( ၁ )က Power အစားနည်းပါတယ်။ ဘာ့ကြောင့်လဲ? Motor တွေလည်ဖို့ အသုံးပြုရတဲ့ Power

မလိုတော့ပါဘူး။ Drive လည်း Hard Disk ထက်ကို Energy အများကြီးနည်းပြီးသုံးပါတယ်။

နံပါတ် ( ၂ )အချက်က Data တွေကို ပိုပြီး မြန်မြန်ဆန်ဆန် ပို့နိုင် Access လုပ်နိုင်ပါတယ်။

လူတိုင်းလူတိုင်းလိုချင်ကြတဲ့ အချက်ပါ။ Data တွေရှာဖို့အတွက် Hard Disk မှာလို Platter တွေ

ရွှေ့စရာမလိုပါဘူး။ Head တွေလည်းနေရာချစရာ မလိုပါဘူး။

အနည်းဆုံးတော့ ဒီအချိန်တွေက ပိုထွက်လာပါတယ်။ Data တွေကို ဖတ်ဖို့ Command ပေးလိုက်တာနဲ့

ချက်ချင်းဖတ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ Hard Disk ထက်ကို 20% ပိုပြီးမြန်မြန် ဖတ်နိုင်တယ်လို့ ဆိုပါတယ်။

ယုံကြည်စိတ်ချရ မှုကလည်း Hard Disk ထက်ကိုပိုပါတယ်။ Hard Disk ရဲ့ Platter တွေဟာ

ကျိုးပျက်လွယ်တဲ့အထိမခံ အမျိုးအစားတွေပါ။ Head Crash ဖြစ်ရတာနဲ့၊ Bad Sector ပေါ်ရတာနဲ့

မဆုံးနိုင်တော့ပါဘူး။ Hard Disk ကို နေရာနည်းနည်း ရွှေ့ လိုက်ရင်ပဲ ဖတ်လို့မရဘူး ဆိုတာတွေ

ဖြစ်တတ်ပါတယ်။

SSD မှာကျတော့ အထဲမှာ ရွှေ့လို့ရတဲ့အပိုင်းမပါပါဘူး။ Chips အားလုံးကို ကျစ်ကျစ်လျစ်လျစ်နဲ့

တသားတည်း ပြုလုပ်ထားတာပါး။ ဆိုလိုတာက ပြုတ်ကျလို့ အထဲက အစိတ်အပိုင်းတွေ

ပျက်စီးသွားတယ်ဆိုတာ SSD မှာမရှိပါဘူး။

SSD ကို ဘာကြောင့် မသုံးကြသေးတာလဲ?

အဓိက အချက်ကတော့ ဈေးနှုန်းပါ။ SSD တစ်ခုရဲ့ ဈေးနှုန်းသည် Notebook Computer

တစ်လုံးစာရှိပါတယ်။ Notebook Computer ထုတ်လုပ်သူတိုင်းက SSD ကို မသုံးနိုင်သေးပါဘူး။

နောက်ပြသနာ တစ်ခုက Data ဝင်ဆန့်မှုပါ။ လက်ရှိ Hard Disk တွေက 200 GB နှင့်အထက်

သိုလှောင်နိုင်နေတဲ့အချိန်မှာ ဈေးကြီးပါတယ် ဆိုတဲ့ SSD က 64 GB လောက်သာ ဝင်ဆန့်သေးတာပါ။

ရိုးရိုး Hard Disk နဲ့စာရင် ဈေကြီးပြီး Data ဝင်ဆန့်မှု နည်းနေပါတယ်။

ဒါပေမယ့် မကြာခင်အချိန်အတွင်းမှာ ဒီအချက်တွေ အားလုံးပြေလည်သွားပါလိမ့်မယ်။ Notebook

လောကမှာ SSD သို့ ပြောင်းလဲခြင်းသည် ကြီးမားသော ပြောင်းလဲမှု ဖြစ်လာပါလိမ့်မယ်။




ref >>>>>>> http://www.zawlinyouth.net
Delete
Delete
ဖိုရမ်ထိန်း
ဖိုရမ်ထိန်း

ရေးသားချက်များ : 10
မှတ်ပုံတင်သောနေ့  : 2011-04-19
အသက် : 40
နေထိုင်သောနိုင်ငံ : myanmar

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum