နည်းပညာတို့ ရဲ့ဆုံမှတ်များဖိုရမ်
Would you like to react to this message? Create an account in a few clicks or log in to continue.
May 2024
MonTueWedThuFriSatSun
  12345
6789101112
13141516171819
20212223242526
2728293031  

Calendar Calendar

Latest topics
» ပျော်ပါစေချစ်သူ...
by ခင်ဂျူး Sun Jul 15, 2012 5:55 am

» ကွန်ပျူတာပစ္စည်းများလေ့လာနိုင်သောWebsite ပါ
by zerone(ခေါ်)သန်းတိုးအောင် Sat Feb 18, 2012 11:20 am

» Babylon Pro 9.0.1.5 and Patch ( English - Myanmar )
by zerone(ခေါ်)သန်းတိုးအောင် Fri Dec 16, 2011 1:53 pm

» key လိုချင်တယ်
by zerone(ခေါ်)သန်းတိုးအောင် Tue Dec 06, 2011 5:38 am

» ADOBE CREATIVE SUITE 5.5 MASTER COLLECTION ESD MACOSX-ISO
by zerone(ခေါ်)သန်းတိုးအောင် Tue Nov 29, 2011 7:37 pm

» Thunderbird 8.0 Mozilla Organization - 15.23MB (Open Source)
by zerone(ခေါ်)သန်းတိုးအောင် Wed Nov 16, 2011 9:17 am

» နောက်ဆုံးပေါ်သီချင်းများ(မြန်မာ)
by zerone(ခေါ်)သန်းတိုးအောင် Wed Nov 16, 2011 9:10 am

» သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်
by zawnaing Sat Oct 22, 2011 8:50 am

» ကူညီပေးကြပါဦးခင်ဗျာ..
by Zeronight Fri Oct 21, 2011 7:40 pm


တစ်စုံတစ်ရာ

Go down

တစ်စုံတစ်ရာ Empty တစ်စုံတစ်ရာ

Post  itcrazy Mon May 09, 2011 10:59 am



တစ်စုံတစ်ရာ....ရယ်
ရင်မှာခံစား
နှလုံးသားအပိုင်းအစ
ချေမွပျက်ကြွေ
ဝေဒနာတွေပေး
အလွမ်းလေးတွေထားခဲ့ တယ်...။

တစ်စုံတစ်ရာ....ရယ်
ချိုသာနှုတ်ခွန်း
အချစ်တစ်စွန်းတစ်စ
ကိုယ်...ကြားပြီးမှ
ပျောက်ခြင်းမလှပျောက်ကွယ်
ရောက်တတ်နေရာရှာ
ဖေါ်ကွာသူရဲ့ အပူ
ဘယ်သူကူမလဲ....လေ။

တစ်စုံတစ်ရာ....ရယ်
တမင်တကာဖန်တီး
စိတ်ချင်းနီးခဲ့ 
ပြီးခဲ့ တဲ့ဇာတ်လမ်း
အသဲနွမ်းအနေခက်
ချွေရက်မငဲ့ညှာ
ရင်..မှာဒဏ်ဖြစ်
တနင့်နင့်..ရှိနေတုန်းပါ။

တစ်စုံတစ်ရာ....ရယ်
ဒီကမ္ဘာမှာရှာမတွေ့ 
ထွေးပွေ့ လို့ ထားချင်
သခင်...ကအဝေး
ကြာလေသွေးလို့ စိမ်းကား
သိမ်းသွားတဲ့ ...မင်းအချစ်များ
ဘယ်သူ့ ဆီများရောက်သွားသလဲကွယ်..။

တစ်စုံတစ်ရာ....ရယ်
ဆုံးရှုံးခြင်းကွယ်ရခဲ့ 
အပြစ်မဲ့ တဲ့ ..ကိုယ့် ဘဝ
အိပ်မက်လဲမလှတော့ဘူး
မချစ်ဖူးလို့ ရူးချင်
စွဲငင်တဲ့ ...မင်း
လွမ်းချင်းလက်ဆောင်
လှောင်ပြောင်လို့ ပေးသလား
ဒီအတွက်......
အမုန်းများစွာလဲ...မရှိခဲ့ ပါဘူးလေ..။

တစ်စုံတစ်ရာ....ရယ်
အစွဲအလန်းနယ်ပယ်ကြီးခဲ့ 
ခင်းဖွဲ့ ခဲ့ သံယောဇဉ်
သမုဒယပင်လဲပျိုး
လွှမ်းမိုးခဲ့ တဲ့ စိတ်အစဉ်က
ဘ၀င်ကျကျ..ချစ်သွားခဲ့ တာ
မင်း...တစ်ယောက်တည်းပါနော်..။

တစ်စုံတစ်ရာ....ရယ်
နေ့ ....ရယ်သတိရ
ည....ကွယ်တမ်းတနဲ့ 
ဘ၀ရဲ့ ..အမှောင်ကို
ယောင်လို့ တောင်မတွေးခဲ့မိဘူး
ငြိဘူးခဲ့ တဲ့ နှလုံးသား
လွမ်းဖျားလွမ်းနာကျနေလေရဲ့ ....။

တစ်စုံတစ်ရာ....ရယ်
တဒင်္ဂခနဆုံခဲ့ ရပေမဲ့ 
ကြုံရတဲ့ မေတ္တာက
တစ်သက်စာရှိသွားခဲ့ 
စိတ်ရဲ့ ...အာသိသ
မင်း...ရှိမှနေတတ်သလို
ဘ၀ချိုချိုကိုလဲတွေးခဲ့ မိသူပါနော်...။

တစ်စုံတစ်ရာ....ရယ်
ယစ်မူးခဲ့ ..မင်းအလှ
မျက်ဝန်း...မှမထွက်
အိပ်ပျက်စားမ၀င်
စိတ်အစဉ်.......
ကစင့် ကလျား
နေသားကျအောင်..လဲ
ဘယ်လိုလုပ်ရမလဲလေ...။

တစ်စုံတစ်ရာရယ်
ဒဏ်ခတ်လို့ ပြုစား
ကဝေအပြုံးများနဲ့ 
နိုင်စားသွားရက်
အနေခက်သူရင်ခွင်
ကြာရင်မေ့ မယ်ထင်သလား
ဘ၀များစွာကိုလက်ဖွဲ့ ခဲ့ ပါတယ်..ချစ်သူရယ်..။

တစ်စုံတစ်ရာ....ရယ်
အချစ်သက်သေ
အမျက်ပြေနှလုံးသားနဲ့ 
အပြုံးများစွာဟန်လုပ်
ကိုယ်....ထုတ်ခဲ့ တဲ့ ကဗျာ
အချစ်ဆာနေတဲ့ သွေးနဲ့ 
ရေးစပ်ပေးခဲ့ ပါတယ်...ချစ်သူ
မင်း..သိရင်ကျေနပ်တယ်
ကျေနပ်ရပါတယ်လေ....။ ။

.
itcrazy
itcrazy
mmt technician
mmt technician

ရေးသားချက်များ : 86
မှတ်ပုံတင်သောနေ့  : 2011-02-08
နေထိုင်သောနိုင်ငံ : ထိုင်း

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum