သစ္စာမှန်ကြောင့် ချမ်းသာစေ

Go down

သစ္စာမှန်ကြောင့် ချမ်းသာစေ

Post  ရွှေသောင်ရင်း on Fri Aug 26, 2011 7:20 am

လောကတံတွာ ၊ ဤလူ့ရွာဝယ်

ခန္ဓာဇာတိ ၊ ရုပ်နာမ်ရှိက

ဗျာဓိခေါ်ရာ ၊ ဝေဒနာလဲ

သေချာမြဲစွာ ၊ ဖြစ်တတ်ပါသည်

ရှောင်နိုင်ခဲစွ - သဘာဝ။

ဖြစ်ခြင်း ပျက်ခြင်း ၊ သဘောရင်းကြောင့်

ကောင်းခြင်းဆိုးခြင်း ၊ အကျိုးရင်းလဲ

မျိုးမျိုးဖန်ဖန် ၊ တွေ့တတ်ပြန်သည်

လောကဓံဓမ္မ - သဘာဝ။

ဘ၀ရွှေဘုံ ၊ ခန္ဓာမြုံလည်း

လောကထဲမှ ၊ သင်္ခါရမို့

နာခြင်း ကျင်ခြင်း ၊ ဖောက်ပြန်ခြင်းနှင့်

ယိုယွင်းဝေဒနာ ၊ ဖြစ်တတ်စွာသည်

ခန္ဓာ့ဒုက္ခ - သဘာဝ။

သဘာဝမှန် ၊ သဘောဥာဏ်ကို

ကြံယူနှလုံး ၊ အစဉ်သုံးကာ

နှလုံးကြည်သာ ချမ်းသာစေ။

ရွှင်ပြုံးကြည်သာ မာပါစေ။


ဒီကဗျာလေးကို ချစ်သူငယ်ချင်းကြိးကိုဆန်းစုနိုင်မှ ကျွန်တော့်အတွက် ရေးသားပြိးဆုတောင်းပေးထားတာလေ
ဖြစ်ပါတယ်ဗျာ.....သူ့က်ုကျေးဇူးတင်တဲ့အနေနဲ့ ဒီကဗျာလေးကို လည်းအားလုံးကိုဖတ်စေချင်သောကြောင့်
ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျာ....[b]
avatar
ရွှေသောင်ရင်း
လေ့လာသူအဆင့်
လေ့လာသူအဆင့်

ရေးသားချက်များ : 3
မှတ်ပုံတင်သောနေ့  : 2011-08-26
အသက် : 41
နေထိုင်သောနိုင်ငံ :ွှ့Thailand

View user profile http://www.zwekapinmyae.com/

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum